** Zawgyi **
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် PTTEP International Limited (Yangon Branch) တို့ပူးပေါင်း၍ ရန်ကင်းကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းပညာရပ်များကို အသက် (၁၈) နှင့် ပြည့်သူတိုင်း (ကျား/မ) အခမဲ့ တက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။
လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသော အသက်မွေးဝမ်းကျောင်းပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများ သင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနားတွင်ပြောကြားခဲ့ကြောင်းသိရပါတယ်။
အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဂဟေဆက်သင်တန်း၊ လေဆေးပေးစက်တပ်ဆင်ခြင်း၊ ပြုပြင်ခြင်းသင်တန်း၊ လျှပ်စစ်အတတ်ပညာသင်တန်းများတွင် တစ်နှစ်ကာလသင်ကြားခဲ့ပြီး သင်တန်းသားစုစုပေါင်း (၃၃၈) ဦးတို့အားမြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ၏ စိစစ်အကဲဖြတ်မှုနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ထိုသင်တန်းဆင်းအလုပ်သများဦးရေ (၅ သောင်း) ကျော်သည် မိမိကိုယ်ပိုင်လုပ်ငန်း၊ ကုပ္မဏီလုပ်ငန်းများတွင် ယင်ရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်းနှင့် သင်တန်းမှာ ပိတ်ရက်မရှိ ဖွင့်လှစ်ထားသည်ဖြစ်၍ ပညာရပ်တစ်ခုတွင် သင်တန်းသား (၃၁) ဦးပြည့်သည်နှင့် တစ်လခွဲသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၆၅၂၇၀၀ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Credit ေၾကးမံု
** Unicode **

Creditကြေးမုံ