ယခင်က အပေါင်ပစ္စည်းရှိမှသာ ဘဏ်များထံမှ ငွေချေးနိုင်ခဲ့သော်လည်း ယခုအခါ ထိုမူဝါဒကိုပြင်ဆင်ပြီး စီးပွားရေးလုပ်ငန်းများအတွက် အပေါင်ပစ္စည်းမဲ့ချေးငွေများကို ဗဟိုဘဏ်ကခွင့်ပြုထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောခဲ့ပါတယ်။
ထို့ကြောင့် ယင်းကိစ္စကို လက်တွေ့အကောင်အထည်ဖော်ရန် ပြည်တွင်းဘဏ်များက နည်းပညာအရ ဆောင်ရွက်ရန်သာလိုအပ်တော့သည်ဟု ဗဟိုဘဏ်ဒုဥက္ကဌဟောင်းလည်းဖြစ်သူ အဆိုပါဒုဝန်ကြီးက ဆက်ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ယခင်က အပေါင်ပစ္စည်းမရှိဘဲ ငွေချေးမရသဖြင့် အရင်းအနှီးရရှိရေးတွင် အကျပ်အတည်းဖြစ်နေကြောင်း စီးပွားရေးသမားများက ကာလကြာရှည် ညည်းတွားခဲ့ကြရာ ယခုကဲ့သို့ စည်းမျဉ်းစည်းကမ်းပြောင်းလဲလိုက်ခြင်းသည် ထိုကိစ္စကို ပြေလည်စေရန် အထောက်အပံ့တစ်ခုဖြစ်လာနိုင်ပါတယ်။
''အပေါင်ပစ္စည်းမလိုဘဲ လုပ်လို့ရတဲ့ချေးငွေစနစ်တွေ၊ အပေါင်ပစ္စည်းဆိုရင်လည်း အိမ်ခြံမြေမဟုတ်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊Resellable (ပြန်လည်ရောင်းချနိုင်သော) ကို အပေါင်ပစ္စည်းအဖြစ် ထားတာတွေနဲ့ ချေးငွေရယူနိုင်ဖို့အတွက် ဗဟိုဘဏ်က ခွင့်ပြုပြီးသွားပြီ။ တစ်ခုပဲလိုတယ်၊ ဘဏ်တွေတစ်ခုချင်းစီက ချေးငွေဆိုင်ရာစွန့်စားမှု (Risk Management) ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အပိုင်းနဲ့ အဲဒါကိုလုပ်နိုင်တဲ့ မူဝါဒအပိုင်းပဲ လိုနေတယ်။ ဘဏ်တွေက အဲလိုစီမံခန့်ခွဲတဲ့မူဝါဒကို လုပ်နိုင်သွားပြီဆိုရင် အားလုံးကဖြစ်လာတော့မှာပါ''ဟု ဒုဝန်ကြီးက ဆိုခဲ့ပါတယ်။
ယခုကိစ္စကို အမေရိကန်အသေးစား စီးပွားရေးကောင်စီအဖွဲ့ (ACSB) နှင့် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ အသေးစားစီးပွားရေးကောင်စီတို့ဦးစီးပြီး နေပြည်တော်တွင် ယခုလ ၁၄ ရက်က ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် မြန်မာတိုင်း(မ်) နှင့်တွေ့ဆုံစဉ် ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''လုပ်ငန်းအသေးတွေ လုပ်ငန်းအကြီးဖြစ်လာဖို့ဆိုတာ ငွေကြေးအရင်းအနှီးမရနိုင်ဘဲ မဖြစ်နိုင်ဘူး။ Apple ကုမ္ပဏီဟာ ဒီကနေ့ ကမ္ဘာကျော်ကုမ္ပဏီဆိုပေမဲ့ တကယ့်အသေးလေးက စခဲ့တာပဲ။ ဒါပေမဲ့ သူတို့နောက်မှာ ပံ့ပိုးမယ့်သူတွေရှိတယ်။ ကိုယ်တွေ အဲလိုပံ့ပိုးပေးမယ့်အဖွဲ့အစည်းတွေမရှိဘူး''ဟု Sinma (ဆင်းမာ) ပရိဘောဂပို့ကုန်လုပ်ငန်းကုမ္ပဏီဥက္ကဌဦးကျော်ဝင်းက ပြောခဲ့ပါတယ်။
ပြည်တွင်းဘဏ်များသည် ယခင်က ၁၃ ကျပ်တိုးဖြင့် သာမန်ချေးငွေကိုသာ ချေးပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှစတင်ကာ ရှစ်ကျပ်ခွဲတိုးဖြင့် ချေးငွေများကို ဆောင်ရွက်လာကြသည်။ အသေးနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေများကိုလည်း စီဘီ၊ ဧရာဝတီ၊ ကမ္ဘောဇ၊ ရိုးမ စသည့် ပုဂ္ဂလိကဘဏ်ခြောက်ခုက ချေးပေးနေပြီဖြစ်ပါတယ်။
သို့ရာတွင် ဘဏ်ချေးငွေများအားလုံးသည် အကန့်အသတ်ဖြင့်သာရရှိပြီး ချေးငွေအပေါ်စီမံရာတွင်လည်း ကန့်သတ်ချက်များဖြင့် ဆောင်ရွက်ထားခြင်းကြောင့် အကျိုးဖြစ်ထွန်းမှုအားနည်းသည်ဟုလည်း ပြည်တွင်းလုပ်ငန်းရှင်များက ပြောခဲ့ပါတယ်။
''ပြည်တွင်းဘဏ်တွေချေးငွေက သာမန်ချေးငွေဆိုရင် သိန်း ၅,ဝဝဝ အထိပဲ ရနိုင်တယ်။ အသေးစားချေးငွေဆိုရင် သိန်း ၁,ဝဝဝ အထိပဲ ချေးလို့ရတယ်။ အဲဒါတောင်မှ သူတို့ရဲ့ချေးငွေကို လုပ်ငန်းထဲမှာ အပြည့်အဝ သုံးစေချင်တယ်။ ဆိုတော့ ကုမ္ပဏီရဲ့ လည်ပတ်မှုအတွက် လိုအပ်တဲ့အသုံးစရိတ်၊ ဝန်ထမ်းတွေအတွက် အသုံးစရိတ်တွေဟာ လုပ်ငန်းရှင်က ကိုယ့်ဘာသာကြိုးစားပြီး လုပ်ရတယ်။ ကားဝယ်ပေးပြီး ဆီမထည့်ပေးဘဲနဲ့ ကားမောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး''ဟု ဉာဏ်ကြီးရှင်ကော်ဖီထုတ်လုပ်သည့် အောင်နေလင်းထွန်း ကုမ္ပဏီဥက္ကဌဦးငွေထွန်းက ပြောခဲ့ပါတယ်။
လက်ရှိတွင် လုပ်ငန်းရှင်များသည် အရင်းအနှီးနည်းပါးမှုကြောင့် အားနည်းချက်များရှိသဖြင့် ပြည်တွင်းလုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောခဲ့ပါတယ်။မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်းလေးသောင်းကျော်နှင့် အသေးစားလုပ်ငန်းအဖြစ်မှတ်ပုံတင်ထားသည့် လုပ်ငန်းနှစ်သောင်းကျော်ရှိပါတယ်။
၎င်းအနက် အသေးစားလုပ်ငန်း ၄,ဝဝဝ ခန့်ကို ချေးငွေရရှိရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ဘဏ်လုပ်ငန်းရှင်များထံ ထောက်ခံချက်ပေးထားသည်။ ယင်းအနက် လုပ်ငန်း ၁,ဝဝဝ ခန့် ချေးငွေရရှိထားသည်ဟုလည်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါတယ်။
Source : Myanmar Time